နိုင်ငံတကာအဆင့်မီ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ ကျင်းပ

 

မန္တလေးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထ‌ရောနစ်မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

 

မန္တလေး၊ ဇန်နဝါရီ ၁၅

FD-AFoCO Model Forest စီမံကိန်း (AFoCO/015/2020) ၏ စတုတ္ထအကြိမ်မြောက် စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ (PSC) အစည်းအဝေးကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၁၅

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ်(မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ x ၆၃ လမ်းကြား၊ ၁၀၄ x ၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ်(မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(မန္တလေး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယ‌နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ချက်
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှု အခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့ အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။