ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းများအားလုံးကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ) သင်တန်းများမှာ ပထမနှစ်၊ ဒုတိယနှစ်(၂၀၂၂အောင်)၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာဘွဲ့ပထမနှစ်၊ မဟာဘွဲ့ဒုတိယနှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမပညာသင်ကာလ) သင်တန်းများမှာ တတိယနှစ်(၂၀၂၀အောင်)၊ ပထမနှစ်ဂုဏ်ထူးတန်း (၂၀၂၀အောင်)၊ မဟာဥပဒေပထမနှစ်၊ မဟာဥပဒေဒုတိယနှစ်၊ ဒီပလိုမာပထမနှစ်သင်တန်း၊ ဒီပလိုမာဒုတိယနှစ်သင်တန်း၊ ပါရဂူသင်တန်းများအားလုံးကို ဇွန် ၃ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည်။
မြင်းခြံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိ
၂၀၂၄ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံအဝှမ်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြား
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့ ဇွန် ၃ ရက်မှစ၍ ကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ပေး
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။
ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းစတင်ဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားရှိခဲ့ပြီး ယနေ့ ဇွန် ၃ ရက်မှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှု အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်မှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
နိုင်ငံသားပိုင် ကမ်းနီး/ ကမ်းဝေး ငါးဖမ်းရေယာဉ်များ မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများ ထုတ်ပြန်