ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၈)အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း(၈၄၀၈)ဧက စိုက်ပျိုးထားရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆည်မြောင်းစနစ်ဖြင့် သီးနှံများ အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် မြစ်ရေတင်စနစ်၊ မြေအောက်ရေ (စက်ရေတွင်း) စနစ်များဖြင့် စိုက်ပျိုးသီးနှံများထားရှိပြီး တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု (၁၈)အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း (၈၄၀၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။








