စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကကို ယနေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒများ၊ စီမံကိန်းများ စီမံဆောင်ရွက်နိုင်ရန် တိကျမှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်ကိန်းဂဏန်း စာရင်းဇယားများလိုအပ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ ဒုတိယလက်ထောက်ဦးမှူးနှင့်အထက် အမှုထမ်း အရာထမ်းများအား ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ တွေ့ဆုံသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း ကျင်းပ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးများ၊ CPU အဖွဲ့ဝင်များနှင့် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ် အမ်းမြို့သို့ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ကုန်တင်ယာဉ်များ အောင်မြင်စွာ ပြန်လည်ရောက်ရှိ၍ ယာဉ်နှင့်ယာဉ်မောင်းများအား ကြိုဆိုဂုဏ်ပြု 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ကုန်တင်ယာဉ်များ အောင်မြင်စွာ ပြန်လည်ရောက်ရှိ၍ .................
မုဒုံမြို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်နိုင်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် သင်ကြားပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။