၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနား၊ အင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကင်းထောက်လူငယ် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသနေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၅၇)ဝိုင်း ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိ
ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၅၇)ဝိုင်းကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း ၂၀၇ ဝိုင်း ဖွင့်လှစ်သင်ကြား
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်သား ၃၁၀၀ ဦးတို့အား စာသင်ဝိုင်း ၂၀၇ ဝိုင်းဖြင့် ဧပြီ ၆ ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများတွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း (၅၃)ဝိုင်းဖြင့် ဆောင်ရွက်လျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများတွင် အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာသင်ဝိုင်း (၅၃)ဝိုင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါမည်ဆိုကာ ငွေကြေးလိမ်လည်မှုများရှိကြောင်း မဟုတ်မမှန်သတင်းများ ဖော်ပြလျက်ရှိ
မြန်မာနှစ်သစ်မင်္ဂလာအခါသမယတွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ခြင်းများအပေါ် အကြောင်းပြုပြီး ယခုရက်ပိုင်းတွင် အကျဉ်းသားများ၏ မိသားစုဝင်များထံသို့ နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါဝင်ရန် ငွေကြေးပေးရမည်ဟုဆိုပြီး ဖုန်းဆက်ကာ လိမ်လည်မှုများရှိကြောင်း ယနေ့ခေတ် အမည်ခံ Facebook Page တွင် မဟုတ်မမှန်သတင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။
မုံရွာတက္ကသိုလ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
မုံရွာတက္ကသိုလ်ရှိ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဓနုဖြူမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဧပြီ ၈ ရက် နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား ..............