၁၃၈၅ ခုနှစ် အင်းလေး ရေပေါ်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို တစ်မူထူးခြားစွာ ဆင်ယင်ကျင်းပရန်၊ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်စေရန်အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ၁၃၈၅ ခုနှစ် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။








