မင်းဘူးမြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းဖွင့်လှစ်ခြင်းကို မတ် ၂၅ ရက် နံနက် ၁၁ နာရီခွဲက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။








