မွန်ဘုရင်မကြီး ရှင်စောပု၏ သက်တော်(၆၃၀)ပြည့် မွေးနေ့မင်္ဂလာနှင့် ပျော်ပွဲရွှင်ပွဲများ ကျိုက်မရောမြို့၌ စည်ကားသိုက် မြိုက်စွာ ကျင်းပမည်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးအား ပြုပြင်မွမ်းမံ၍ တည်ထားကိုးကွယ်ခဲ့သော မွန်ဘုရင်မကြီး ရှင်စောပု၏ သက်တော်(၆၃၀)ပြည့် မွေးနေ့မင်္ဂလာအား ထမနဲထိုးပြိုင်ပွဲများ၊ အခြားပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။








