ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ်(မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ x ၆၃ လမ်းကြား၊ ၁၀၄ x ၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ်(မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(မန္တလေး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယ‌နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ချက်
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှု အခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့ အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော် ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ကြံခင်းမြို့တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ပြင်ပကျန်းမာရေးဌာနတွင် စောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကယားပြည်နယ်နေ့ ဖြစ်ပါသည်။
ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ အဆောက်အဦ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး