ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိ

 

ဒုတိယဝန်ကြီး ဦးအေးကျော် ပုသိမ်မြို့ရှိ ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုကြည့်ရှုစစ်ဆေး

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်း စတင်ဆောင်ရွက်လျက်ရှိ
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)၊ Aisa Starmar Transport Intelligent Co., Ltd နှင့် Myanma Platform တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်သည့် MPYPS + Application မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အနောက်ဘက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဘွဲ့ကြိုသင်တန်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဘွဲ့ကြိုသင်တန်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက်မှ စတင်ကျင်းပလျက်ရှိသည်။