ဝင်ငွေနည်းအိမ်ထောင်စုများ သင်္ကြန်ကာလ စားသောက်ရေး အဆင်ပြေစေရန် ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများအတွက် သင်္ကြန်ကာလ စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဧပြီ ၁၄ ရက် နံနက်ပိုင်းက ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တသာဂရအား အမှူးပြု၍ စေတနာအလှူရှင်များ စုပေါင်းအဖွဲ့က ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။






