သင်္ဃန်းကျွန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၃၂၀ ဝင်ရောက်ဖြေဆိုမည်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာန သုံးခုထားရှိထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၃၂၀ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
မင်းလှမြို့နယ်၌ နွေစပါး ၆၉၅၅ ဧက စိုက်ပျိုးပြီးစီး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့် မုက္ခာဆည်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးစိုက်ပျိုးရန် လျာထားဧက ၆၇၈၀ ရှိရာ ယနေ့အထိ ၆၉၅၅ ဧက စိုက်ပျိုးပြီးစီးခဲ့၍ လျာထားချက်ထက် ၁၇၅ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ အသက်ရှူစက်တစ်လုံး လှူဒါန်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသည့် အသက်ရှူစက်(Yuwell YH-830 BiPAPs) တစ်လုံးကို မတ် ၁၁ ရက် နံနက်ပိုင်းက ဗန်းမော် ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနရှေ့၌ လှူဒါန်းခဲ့သည်။
ပန်းတောင်းမြို့နယ်၌ နွေစပါး ၁၈၄ ဧကလျာထားပြီး ယနေ့အထိ ၅၂ ဧက စိုက်ပျိုးပြီးဖြစ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေစပါး ၁၈၄ ဧက လျာထားပြီး မတ် ၁၁ ရက်အထိ ၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၈၄ ဧက ပြည့်မီအောင် တောင်သူများနှင့် ပူးပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ကြီးမြို့၌ တောင်သူလယ်သမားများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
မိုးကြို၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးသော သီးနှံများအတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မတ် ၁၁ ရက် နံနက် ၉ နာရီခွဲမှစတင်၍ တောင်သူများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲသို့ ၁၂၈၄ ဦး ဝင်ရောက်ဖြေဆိုမည်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ‌ခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၈၄ ဦး ဝင်ရောက် ‌ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၁