တာလေမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် တာလေတံတားထိပ်ရှိ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက မြို့အဆင့်ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရ