လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးလှကျော် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ဆည်ရေသောက်စနစ်များ ကွင်းဆင်းစစ်ဆေး 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံ ကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရန်ကုန်မြို့မှ အဝေးပြေးယာဉ်လိုင်းများ ပိတ်ထားခြင်းမရှိဘဲ   ပြေးဆွဲပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးမှ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲသည့် အဝေးပြေး ယာဉ် လိုင်းများနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများ ပိတ်ထားခြင်းမရှိဘဲ COVID-19 ကြောင့် စီးနင်းမှုမရှိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်
ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ခံစားနေရသည့် အဘိုးအဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် နိုးကိုးကျေးရွာအုပ်စုတို့၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကော့ကရိတ်မြို့၌ မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်ရန်ပန္နက်တင်အခမ်းအနား ကျင်းပ
ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ် မြို့နယ်မှ မိုးလုံလေလုံအားကစားရုံ ပေ(၁၂၀×၉၀) တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉နာရီက အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မအားကစားကွင်းတွင် ကျင်းပသည်။
ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာစားများအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပင်စင်လစာ ထုတ်ပေးလျက်ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်လစာစားများအတွက် ပင်စင်များကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ  ထုတ်ပေးလျက်ရှိကြောင်း သိရသည်။