စေတုတ္တရာမြို့နယ် မုန်းတမံရေပိုလွှဲသတ်မှတ်ရေအမှတ်ထက် (၁)ပေရေကျော်နေမှုအား ပြည်သူများသို့ အသိပေးနှိုးဆော်

ရန်ကုန်မှ သံတွဲသို့ လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ဝင်လာသူ(၇)ဦးအား   သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ လူနာတင်ယာဉ်ဖြင့် စက်တင်ဘာ(၂၃)ရက် နေ့တွင် လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ ဝင်ရောက်လာသူ(၇)ဦးအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ မှ စိစစ်တွေ့ရှိသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉/၃၀(က)ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်ကော်မတီ ထံမှသိရ
ပြင်ဦးလွင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်၁၉ ရောဂါပိုးတွေ့လူနာအား ကျန်းမာရေး‌ကောင်းမွန်သဖြင့်ဆေးရုံမှ ဆင်းခွင့်ပြုကြောင်းသိရ

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မီးလင်းပြီးကျေးရွာနှင့် မီးလင်းရန်ကျန်ကျေးရွာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ
ခရီးသွား ထောက်ခံချက်များ ယူဆောင်လာခြင်း မရှိပါက ကန်ပက်လက်မြို့အတွင်း ဝင်ခွင့်ကန့်သတ်တော့မည်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွား ထောက်ခံချက်များ ယူဆောင်လာခြင်း မရှိပါက မြို့အဝင်ဂိတ်မှ မြို့အတွင်းသို့ ဝင်ရောက်ခွင့်ကန့်သတ်တော့မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရ
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်း အမှတ် အခမ်းအနား  (Tourism and Rural Development   Online  Seminar)   ကို Webinar  စနစ်ဖြင့်  စက်တင်ဘာ  ၂၅ ရက် နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန     နီလာအစည်းအဝေးခန်းမ၌ ကျင်းပမည်