ရန်ကုန်မြို့ ဘုရင့်နောင်နှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်များ ရက်သတ္တပတ်တစ်ပတ်လျှင် ၃ ရက်သာ ဖွင့်လှစ်မည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) Stay at Home နေထိုင်ရန်နှင့် ကုမ္ပဏီအဖွဲ့စည်းများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းများဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ကုလသမဂ္ဂ (၇၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်သည် ကုလသမဂ္ဂ တည်ထောင်သည့် (၇၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အဆင့်မြင့်အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။
ပြည်ပ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. TitonMitra အား စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် video conference ဖြင့် လက်ခံဆွေးနွေးခဲ့သည်။
ဆီထွက်မြေပဲစိုက်ပျိုးခင်းများ ဧရာဝတီမြစ်ရေတိုး ရေနစ်ခံရ၍ ပျက်စီး
ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအနီး ဂွေ့ကြီးကျွန်းတွင် ဆောင်းသီးနှံဆီထွက်မြေပဲများကို မြေနုကျွန်းပေါ်တွင် စိုက်ပျိုးထားရှိရာ အခင်းများ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရုတ်တရက် ဧရာဝတီမြစ်ရေတိုး ရေနစ်ခြင်းခံရ၍ မြေပဲခင်းများ ပျက်စီးဆုံးရှုံးခြင်း ကြုံတွေ့ခံခဲ့ရကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဗြိတိန်နိုင်ငံ Foreign, Commonwealth and Development Office (FCDO) ၏ Minister of State for Pacific and the Environment ဖြစ်သူ The Rt. Hon Lord Goldsmith အား လက်ခံတွေ့ဆုံ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဗြိတိန်နိုင်ငံ Foreign, Commonwealth and Development Office (FCDO) ၏ Minister of State for Pacific and the Environment ဖြစ်သူ The Rt. Hon Lord Goldsmith နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Dan Chugg တို့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။