မူဆယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ကျပ်သိန်းပေါင်း ၆၆၀ ကျော် လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင် ရေးအတွက် မူဆယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ငွေကျပ်(၆၆၂)သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မူဆယ်ခရိုင်၊ ခရိုင်/မြို့နယ် စုပေါင်း အစည်း အဝေးခန်းမ၌ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပသည်။
ကျိုင်းတုံမြို့၌ ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်း ဖောက်လုပ်လျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၁၅၂၀၃ ဒသမ ၆၁၇ သန်းဖြင့်  ဖောက်လုပ်လျက် ရှိကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်းသင်တန်းဆင်းပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ယွန်းအိုးကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင်  ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် တစ်နိုင်တစ်ပိုင် မှသည် စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်ကာ မိသားစုများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု
ဝက်လက်မြို့နယ်၌ ဂျုံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် သုတေသန ဦးစီးဌာနတို့ ပူးပေါင်းကာ ဂျုံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မင်းရွာကျေးရွာ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေဌေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ကြကြောင်း သိရ
ဗန်းမောက်မြို့နယ်၌ ကနန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိပ်၊ နန်းဇားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ဇန်နဝါရီ ၁၉  ရက် မွန်းလွဲပိုင်းက နန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံဆွေးနွေပွဲ ပြုလုပ်ခဲ့ကြောင်း သိရ
ဝန်းသိုမြို့နယ် ထန်းတပင်ကျေးရွာတွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးခြင်းနှင့် မြစိမ်းရောင်စီမံကိန်းချေးငွေပြန်လည် ထုတ်ချေးပေးခြင်းလုပ်ငန်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် ထန်းတပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်း အသိပညာပေးခြင်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆဋ္ဌမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားကို
ဘုတလင်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက  ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးထံမှ သိရ