သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ဗီနိုင်းပိုစတာ စိုက်ထူ

သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သောဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် အသိပညာပေးသည့် ဗီနိုင်းပိုစတာများကို‌ ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ် ငါးလုပ်ငန်းရုံးဝင်းအတွင်း၌ ဇန်နဝါရီ  ၁၉ ရက် မွန်းလွဲပိုင်းက  စိုက်ထူခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် စိုက်ဧက (၃၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေခြင်းကို ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေအိုးရကျေးရွာတွင် စိုက်ဧက (၃၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေခြင်းကို ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ  ၂၀ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
ကံမမြို့နယ်၌ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ရှင်းလင်းအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊   ကံမမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ  ရွေးချယ်နိုင်ရန်အတွက်  အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ရှင်းလင်း       အသိပညာပေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့များက  ရပ်ကွက်၊ ကျေးရွာများ အရောက်    ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
မြိတ်မြို့တွင် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း ပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၂)စုအား ဇန်နဝါရီလ(၁၉)ရက် ညနေပိုင်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
နတ်မောက် မြို့မစည်ပင်သာယာရေးဈေး၌ စားသုံးရန်မသင့်သော အမှတ်တံဆိပ်များ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များ  ဈေးကွက်လက်ကျန်မရှိစေရေး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။       
ဘောဂလိမြို့  အမှတ်(၁)ရပ်ကွက်  ဖူးဖိုးသောလမ်းဘေးအား ကျောက်စီမြေထိန်းနံရံ  ပြုလုပ်ခြင်းလုပ်ငန်း  စတင်ဆောင်ရွက် 
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ လမ်းဘေးရှိ ကမ်းပါးယံများ ပြိုကျမှုမဖြစ်စေရန်   ကြိုတင် ကာကွယ်သည့်အနေဖြင့် မြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့မှ  ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ
မိုးနဲမြို့ လွိုင်မြေရပ်ကွက်၌ ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်၊ အုပ်စု(၁၂)တွင် ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတစ်စင်းကို ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်တွင် လုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်