“သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မှုဆိုင်ရာ စံပြ သစ်တောများ တည်ထောင်ခြင်းစီမံကိန်း” ပထမအကြိမ် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ
သစ်တောဦးစီးဌာနနှင့် အာရှဒေသ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ၏ ပထမအကြိမ် စီမံကိန်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် virtual နည်းလမ်းဖြင့် ကျင်းပသည်။







