ပန်းတနော်မြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ ငါးသိန်း ပေးအပ် လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်၊ မြို့အဝင်လမ်းနေ ဦးဝင်းနိုင်နှင့်ဒေါ်ခင်ခင်စန်း တို့၏သား ဒေါက်တာ နန္ဒထင်ဇော် (သစ်လွင် စက်ပစ္စည်းရောင်းဝယ်ရေးမိသားစု) တို့မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ် ငါးသိန်းအား ယမန်နေ့ ညနေ ၅ နာရီက ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။








