စုပ်ခွက်ငါးအန္တရာယ်အသိပညာပေးလုပ်ငန်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်မည်
ဧရာဝတီတိုင်းဒေသကြီးပြီးလျှင် ရန်ကုန်တိုင်းဒေသကြီးမှာ ငါးမွေးမြူမှုအများဆုံးဖြစ်ရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များထိ ပျံ့နှံ့လာသော အသားစားကြူးသည့် စုပ်ခွက်ငါးများအန္တရာယ်ကို ကာကွယ်မှုနှင့်အတူ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ လူနေအိမ်(၆)လုံး ဇန်နဝါရီ ၁၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က မီးလောင်ပျက်စီးသွားပြီး အမျိုးသမီး(၂)ဦးသေဆုံးသွားခဲ့ကြောင်း သိရ
ဖာပွန်မြို့၌ (၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲအား အကျဉ်းချုံးကျင်းပမည်
ကရင်သက္ကရာဇ် ၂၇၆၀ ခုနှစ် ပြာသိုလဆန်း(၁) ရက်နေ့တွင် ကျရောက်သည့် ကရင်းတိုင်းရင်းသားတို့၏ (၈၃)နှစ်ပြည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍
(၁၇)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ

နမ့်ခမ်းမြို့၌ မိုးလုံလေလုံ အားကစားကွင်းဆောက်လုပ်မည့် မြေနေရာအား မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်ခြင်း အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောက်လုပ်မည့် မိုးလုံလေလုံ အားကစားကွင်းမြေနေရာအား မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်ခြင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ  ၁၂ ရက် နံနက် ၁၀ နာရီခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပ