မယ်စဲ့မြို့နယ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းနှင့် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေးပေးရေး လုပ်ငန်းနှင့် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား
နောင်တရားမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဝီစိတွင်း တူးဖော်၍ ရေသွင်းစိုက်ပျိုးသည့် စနစ် တွင်ကျယ်လာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဝီစိတွင်း တူးဖော်၍ ရေသွင်းစိုက်ပျိုးသည့် စနစ်ကို ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးလာကြကြောင်း သိရသည်။
မြိုင်မြို့နယ်၌ စက်ရေတွင်းတူးဖော်ပေးနိုင်ရေး မြေအောက်ရေအောင်းလွှာတည်နေရာ တိုင်းတာ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို ဇန်နဝါရီ ၄ ရက်မှ ၁၁ ရက်အထိ Geophysical Suvey (GP)တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ‘ဝ’ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အဆုံး အောင်းပင်အုပ်စု၊ လက်ပံကျင်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တောင်သူဦးကြီးများ တစ်နိုင်တစ်ပိုင် ‘ဝ’ဥ စိုက်ပျိုးထုတ် လုပ်နိုင်စေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ အကြောင်းအရာများကို အသိပညာတိုးပွား ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ‘ဝ’ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ
နတ်မောက်မြို့နယ်၌ ကျေးရွာချင်းဆက်ကိုယ့်အားကိုယ်ကိုးမြေသားလမ်း ဖောက်လုပ်ပြီးစီး   
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အင်ကြင်းတောင်ဆရာတော် ဦးကဝိဓဇ၏ ဦးဆောင်မှုဖြင့် ပန်းညို-ကန်လေးကုန်း-မြင်းတဲကြီး ကျေးရွာချင်းဆက် မြေသားလမ်း အကျယ် ပေ ၂၀၊ အရှည် ၃ မိုင်ခန့်ကို ကျေးရွာပြည်သူများနှင့် အဝေးရောက်အလှူရှင်များ၏ ထည့်ဝင်ငွေကျပ် ၂၉၇၁၀ဝဝ ဖြင့် လည်းကောင်း၊ မြင်းတဲကြီး-ဗွက်ကျင်း-ဒီးဒုတ်ခင် ကျေးရွာချင်းဆက် မြေသားလမ်း အကျယ် ပေ ၂၀၊ အရှည် ၃ မိုင်ခန့်ကို ကျေးရွာပြည်သူများနှင့် အဝေးရောက် အလှူရှင်များ၏ ထည့်ဝင်ငွေ ကျပ် ၃၁၈၀ဝ၀ဝ ဖြင့်လည်းကောင်း ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရ
မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ မိုးရွာသွန်းမှုနည်းပါးခဲ့၍ ဒေသခံများ စိုက်ပျိုးရေ ရရှိရေးထက် သောက်သုံးရေ  အခက်အခဲများဖြစ်ပေါ်နေ
မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ မိုးရွာသွန်မှုနည်းပါး၍ မိုးခေါင်ရေရှားဖြစ်ခဲ့ခြင်းကြောင့် ပခုက္ကူခရိုင်နှင့် မကွေးခရိုင်အတွင်းရှိ ဒေသခံများ စိုက်ပျိုးရေရရှိရေးထက် သောက်သုံးရေရရှိနိုင်မှု အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရ