COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်လီမိတက်က ငွေကျပ် သန်း ၃၀၀၀(၃ ဘီလီယံ) လှူဒါန်း

ကမ္ဘောဇဘဏ်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ(COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ)ကို ဇန်နဝါရီ  ၇  ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၁) ဦးအား မြန်မာ သံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် (၅)ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) စင်းလုံးငှား အထူးကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ရန်ကုန်မြို့   အဆင့်မြင့် မင်္ဂလာဈေးအပါအဝင် ဈေးအားလုံးကို ဇန်နဝါရီ ၁၄ ရက်တွင် တစ်ပြိုင်တည်းဖွင့်ရန် စီစဉ်
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဆင့်မြင့်မင်္ဂလာဈေးအပါအဝင် အဆိုပါ ဝင်းအတွင်းရှိ ဈေးအားလုံးကို  ဇန်နဝါရီ ၁၄ ရက်တွင် တစ်ပြိုင်တည်ဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးလှဌေးက ပြောသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေး နှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့်ကျင်းပသည်။