လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်လျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
နောင်ချိုမြို့နယ်တွင် ညွှန်ကြားချက်နှင့်ကိုက်ညီသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအား ပြန်လည်ဖွင့်လှစ်ရေး ချပြရှင်းလင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် စားသောက်ဆိုင်များနှင့်လ္ဖက်ရည်ဆိုင်များ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့်အချက် များ စစ်ဆေးခြင်းပုံစံ Version2.0 နှင့်အညီ ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရေး ချပြရှင်းလင်းခြင်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ(၃) နာရီက နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရ
ရိခေါ်ဒါရ်မြို့၌ ရန်ပုံငွေကျပ်သန်း (၂၄၀)ကျော်ဖြင့် စည်ပင်ရိပ်သာအဆောက်အဦ တစ်လုံး ဆောက်လုပ်မည်
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်ရိပ်သာ အဆောက်အဦတစ်လုံးကို စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် (၂၄၈.၇၂၄) သန်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုင်းစထိမှန်ခဲ့သော ဒေသနေပြည်သူတစ်ဦးအတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော ဦးစောတဝါးသည် ဒီဇင်ဘာလ(၁၉)ရက် မွန်းလွဲ(၆)နာရီခွဲတွင် မဲလရောကျေးရွာအုပ်စု၊ ယောခုခီးကျေးရွာအနီးတွင် ရှိသော ရင်းဘိုင်းချောင်းဖျားသို့ ငါးရှာရန် သွားရောက်စဉ် မြေမြှုပ်မိုင်း(၁)လုံးအား နင်းမိ၍ ညာခြေကျင်းဝတ်နှင့် ဘယ်လက်တို့တွင် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ
ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်တွင်  ဖွံ့ဖြိုးရေးလုပ်ငန်း (၃)ခု ဆောင်ရွက်မည်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များ အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ်တွင် လုပ်ငန်း (၃)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ငရုတ်ကောင်းမြို့တွင် ထက်၊ လယ်၊ မူကျောင်း (၃၀) မှ ကျောင်းအုပ်များအား C4M Mobile Application အသုံးပြုနည်းဆင့်ပွား သင်တန်းပို့ချ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ထက်၊ လယ်၊ မူကျောင်း(၃၀)မှ ကျောင်းအုပ်များအား အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ C4M Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းကို