ကျောက်တလုံးကြီးမြို့နယ်၌ တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
မြေပဲမျိုးများ၏ အရည်အချင်းလက္ခဏာများအား လေ့လာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ ဆီထွက်သီးနှံ သုတေသန ဌာနစုရှိ  သုတေသနပညာရှင်များသည် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ ရာသီဥတု ပြောင်းလဲမှုအား လိုက်လျောညီထွေမှု/ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ အပင်မျိုးရိုး ဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် မျိုးပွားများခြင်း၊ မျိုးစေ့ထုတ်ခြင်းနှင့် သုတေသနနှင့် နည်းပညာတိုးတက်ရေး အစရှိသော သုတေသနအစီအစဉ်များအောက်တွင်
သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် မိသားစုပြိုင်ပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၃)ကို ဒီဇင်ဘာ (၂၅)ရက် ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
လွိုင်ကော်မြို့ ပိန်းချစ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (အခြေခံ+အဆင့်မြင့်) စက်ချုပ် သင်တန်း ဖွင့်လှစ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွား ရရှိစေရန် ရည်ရွယ်၍ (အခြေခံ+အဆင့်မြင့်) စက်ချုပ်သင်တန်း အမှတ်စဉ် ၂/၂၀၂၁ ဖွင့်ပွဲအား ယနေ့နံနက် (၉)နာရီခွဲက လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာအုပ်စု၊ ပိန်းချစ်ကျေးရွာရှိ ရတနာသီရိခန်းမတွင် ကျင်းပ
ဖရူဆိုမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို
ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများကို ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် သွားလာမည့် ခရီးသည်များအား တစ်ရက်ကြိုတင်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးမည်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ပြည်တွင်းလေယာဉ် ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ဒေသခံပြည်သူ ခရီးသည်များအား ခရီးသွားမည့်ရက်ထက် တစ်ရက်ကြိုတင်၍ နေ့စဉ် ရုံးပိတ်ရက် အပါအဝင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရ