မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှမ်းကုန်ချောထုတ်စက်ရုံ ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး လိုက်ပါကာ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် ကံပြားကျေးရွာအနီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် နှမ်းကုန်ချောထုတ်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။







