မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းခရီးစဉ်များကို Boeing 737-800 NG ၊ Embraer 190 ၊ ATR-72 600 Series လေယာဉ်သစ်များဖြင့် ခရီးသွားပြည်သူများအား နေ့စဉ်ပျံသန်း ပို့ဆောင်ပေးသွားမည်
မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းခရီးစဉ်ကိုသာ အားထားရသော ပြည်တွင်း မြို့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်မည့် လေကြောင်းလိုင်း များနှင့် ခရီးသည်များလိုက်နာရမည့် Standard Operation Procedure (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။