(၈)ကြိမ်မြောက် မယ်စကြာဝဠာမြန်မာပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာ ၃၀ တွင် ကျင်းပပြီး တိုက်ရိုက်ပြသမည်

(၈)ကြိမ်မြောက် မယ်စကြာဝဠာ မြန်မာပြိုင်ပွဲ၏ ဖိုင်နယ်ပွဲကို ဒီဇင်ဘာ ၃၀ တွင် ကျင်းပမည်ဖြစ်ပြီး Channel ME ရုပ်သံလိုင်း၊ Channel ME နှင့် Miss Universe Myanmar ဖေ့ဘုခ်ပေ့ချ် ၊ Mytel ၏ Official Exclusive Digital Partner အဖြစ် မိုဘိုင်းလ်ဖုန်းမှ MyID မှ အခမဲ့ Free Data ဖြင့် ပြသသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းအစီအစဉ်တွင် အမျိုးသမီးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း အစီအစဉ်တွင် အမျိုးသမီးကော်မတီများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးပေးအပ်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သဘာဝတရားရိပ်သာရှိ ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသည့် အစောင့် အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။