မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်လာစေရေးအတွက် ပြည်သူများ လိုက်နာရမည့် ညွှန်ကြားချက်များ အသံချဲ့စက်ဖြင့် ကြေညာခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်လာစေရေးအတွက် မြို့နယ်အဆင့် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန် ထားသော အများပြည်သူသိရှိလိုက်နာရမည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်က မြို့ပေါ်နေရာများတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။