ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေးနှင့် လူမှုသဟဇာတဖြစ်စေရေးဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်)ကျင်းပ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကွဲပြားခြားနားမှုနှင့်အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေး နှင့် လူမှုသဟဇာတဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက Online မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။







