မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကာ အကူအညီ လိုအပ်သူများအား ကူညီဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လက်တွေ့လေ့ကျင့် သရုပ်ပြခြင်းများနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။