ဘူးသီးတောင်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ဘူးသီးတောင်မြို့နယ် အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ်(၃၈၁.ဝ၁၄)သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ငကျဉ်တောက် -ပြင်ခေါင်-ကထိလှလမ်း(၉/၄)မိုင်ပေါ်ရှိ ပြိန်းချောင်းဘေလီတံတား ပေ(၁၂၀) တစ်စင်း ၊ တံတားချဉ်းကပ် လမ်း(၄၉၇)ပေ ကွန်ကရစ်ခင်းနှင့် ကျောက်စီမြေထိန်းနံရံ(၂၀x၁၅)ပေ (၄)ခု တည်ဆောက်ခြင်း လုပ်ငန်းများအား စတင်ဆောင်ရွက်မှု အခြေအနေအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလအတွင်း မောင်တော ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြ




