မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်
မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်သစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး Ms. Riikka Laatu က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။




