မင်းဘူး(စကု)မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှ နေအိမ်ပြောင်းရွှေ့ ခဲ့ရသော ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ညောင်စဉ်ဘုန်းတော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရား ဓမ္မာရုံတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။