ဝန်ကြီးချုပ်ဦးဝင်းသိန်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက် တံတား ချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် နိုဝင်ဘာ(၂၁)ရက် မွန်းလွဲပိုင်းက ရေတာရှည် မြို့နယ် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား တာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ
အောင်ချမ်းသာကျေးရွာ၌ နွေရာသီကာလ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူးဖော်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြိုင်မြို့နယ်အတွင်း နွေရာသီကာ ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ထန်းဘုန်းတောကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာ၌  အကျယ် ၄ လက်မ၊ အနက်ပေ ၇၆၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းတွင် ၄ လက်မ GI စကာပိုက် သုံးလုံး၊ ၄ လက်မ GI တွင်းကာပိုက် (၃၄)လုံး၊ စုစုပေါင်း ၃၇ လုံးအား ချရန်အတွက်  ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၂၁ ရက်က ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်းဦးစီးမှူး ဦးတင့်ဝေ၊ မြိုင်မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းစစ်ဆေး