မြိတ်မြို့တွင် ငါးဖမ်း/ငါးသယ် ရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း တတိယအကြိမ်ဖွင့်လှစ်
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့်  လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်မာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် တတိယအကြိမ် ဖွင့်လှစ်ပို့ချခဲ့သည်။
ဘားအံခရိုင် မီးသတ်ဉီးစီးဌာနရုံးတွင်  လူမှုကယ်ဆယ်ရေး အဖွဲ့အဝင်များအား အခြေခံရှာဖွေကယ်ဆယ်ရေး(အသက်ကယ်နည်းစနစ်များ) သင်တန်းပို့ချ
ကရင်ပြည်နယ်အတွင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်ပေါ်မှ ခုန်ချသည့် ဖြစ်စဉ်များအတွက် ကူညီရှာဖွေဆောင်ရွက်ပေးနိုင်ရေး စသည်များအတွက် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့်
လက်ပံတန်း၌ မြစ်မခမြစ်ရေ တိုက်စား၍ နေအိမ်တစ်လုံး ပြိုလဲပျက်စီး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မြစ်မခမြစ်ရေ တိုက်စား၍ နေအိမ်တစ်လုံး ပြိုလဲပျက်စီးခဲ့ ကြောင်းသိရသည်။
ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားကြီးအနီး တွေ့ရှိရသော လိုဏ်ခေါင်းတွင် ထူးခြားမှုမတွေ့ရှိရ
ပခုက္ကူမြို့ အမှတ် ၁၄ ရပ်ကွက်၊ ရှေးဟောင်း သမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၊ ရေသွန်း ခံအဆောက်အအုံအနီး အပြင်ဘက်ကားလမ်းဘေးတွင် ဩဂုတ် ၄ ရက် နံနက် ၉ နာရီခန့်က ရေနုတ်မြောင်းတူးဖော်ရာမှ တွေ့ရှိရသော  လိုဏ်ခေါင်းထဲတွင်
ကျွန်းစုမြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများနှင့် နာရေးကူညီမှု အသင်းတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲကို ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိသော စက်သံဆူညံ အိတ်ဇောများအား ဖျက်ဆီး
စစ်ကိုင်းမြို့တွင် နှစ်အလိုက် ဖမ်းဆီးရမိသော ပါဝါအိတ်ဇော/ စက်သံဆူညံ အိတ်ဇောများ ဖျက်ဆီးခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမအနီးတွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။