သုံးခွမြို့နယ်ရှိ ဘိုးဘွားရိပ်သာတည်ဆောက်မည့် မြေနေရာတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ(ရဲနွဲ့တာအနီး) သုံးခွ-သန်လျင် ကားလမ်းဘေးရှိ ဧရိယာ ၄.၉၄ ဧက ကျယ်ဝန်းသည့် ဘိုးဘွားရိပ်သာ တည်ဆောက်မည့် နေရာတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးမှုကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။