သုံးခွမြို့နယ်တွင် စပါးခင်းများနှင့် မှော်ဝင်းချောင်းအတွင်း ငါးကောင်ရေ ၉၀၀၀၀ စိုက်ထည့်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စပါးစိုက်ခင်းများနှင့် မှော်ဝင်းချောင်း အတွင်းသို့ ယနေ့နံနက်ပိုင်းက ငါးသားပေါက်အကောင်ရေ (၉၀၀၀၀)ကို စိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။