ရတနာပုံခေတ်နှောင်း နံရံဆေးရေးပန်းချီများကို မဟာမုနိဘုရားကြီးတွင် အလွယ်တကူ လေ့လာနိုင်
ဒေသအသီးသီးတွင် အဖိုးတန်သမိုင်းအမွေအနှစ် နံရံဆေးရေးပန်းချီများ ရှိသည်။ မျိုးဆက်သစ်လူငယ်များမှာ ထိုနံရံဆေးရေးပန်းချီများကို သမိုင်းအသိ သမိုင်းအမြင် သိရှိစေရန် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အစဉ်ထိန်းသိမ်းရမည် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးရှိ ဘုရားပုထိုးများတွင် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်သည်။





