ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့အားကစားကွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန(ရုံးချုပ်) အစီအစဉ်ဖြင့် နိုဝင်ဘာလ ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှု ကော်မတီ တာဝန်ရှိ သူများ၊ ငါးသိုင်းချောင်းမြို့ အားကစားနှင့် ကာယပညာကော်မတီတာဝန်ရှိသူများက အဆိုပါ အားကစားကွင်းရှိ ပြင်/ထိန်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ