အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာ တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ ဟွန်ဆင်နှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာ တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်။
ပြည်ပနိုင်ငံများရောက် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၆၃) ဦး အား မြန်မာသံရုံး၊ ဟနွိုင်းမြို့၊ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ