စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ငွေကျပ်(၅၂)ဘီလီယံ ထုတ်ချေး ပေးသွားမည်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံနှင့် စားဖိုဆောင်သီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ်များရှိ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ စုစုပေါင်းငွေကျပ် (၅၂)ဘီလီယံကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးမျိုးမြင့်ဦးထံမှ သိရ








