လှိုင်မြို့နယ် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များ ရောက်ရှိ

ရန်ကုန်  ၁၀  နိုဝင်ဘာ

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် “International Forum for Energy Transition 2020: Sustainable Development in the post-COVID 19 Era” သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် The World Economic Forum နှင့် State Grid Corporation of China တို့ ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပသော “International Forum for Energy Transition 2020: Sustainable Development in the post-COVID 19 Era” သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများအား အသိပညာပေးခြင်း အစီအစဉ်တွင် ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက် အမှာစကားပြောကြား
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်၌ ပါဝင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပသည်။ 
ညောင်ဦးမြို့၌ သစ်ပင်လဲကျမှုကြောင့် ပျက်စီးခဲ့သည့် အိမ်ပိုင်ရှင်များကို ထောက်ပံ့ငွေပေးအပ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်၌ ယနေ့ နံနက် ၆ နာရီခွဲခန့်က သက်တမ်းရင့်ညောင်ပင်ကြီးမှ ကြီးမားသည့်ညောင်ကိုင်းကြီးကျိုးပဲ့ကျရာ လူနေအိမ် သုံးလုံးပေါ်ပိပြီး အိမ်များပျက်စီး ခဲ့ကြောင်း .....
ပုဗ္ဗသီရိမြို့နယ် ပြည်လုံးချမ်းသာ(နေရောင်ပြအင်း) စေတီတော်အနီး၌ အလျား ၈ ပေခန့်ရှိသော စပါးအုံး မြွေတစ်ကောင်တွေ့ရှိ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ပြည်လုံးချမ်းသာ(နေရောင်ပြအင်း) ဘုရားအနောက်ဘက်ရှိ ဆင်ရတနာရုပ်တုအနီးတွင် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက လုံးပတ် ၁၀ လက်မခန့်နှင့် အလျား ၈ ပေခန့်ရှိသော စပါးအုံးမြွေတစ်ကောင်တွေ့ရှိ၍ စေတီတော်ဂေါပကအဖွဲ့မှ ထိန်းသိမ်းထားကြောင်း .....