လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၇၆)ရုံတွင် ကြိုတင်မဲများ စတင်ရေတွက်လျက်ရှိ
လှိုင်းဘွဲမြို့နယ်အတွင်းရှိ  မဲရုံပေါင်း (၁၇၆)ရုံကို ယနေ့ ညနေ ၄ နာရီတွင် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး မဲဆန္ဒနယ် ပြင်ပရောက်ကြိုတင်မဲများ စတင်ရေတွက်လျက်ရှိေကြာင်း သိရသည်။
ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ် (၁)၌ ဆန္ဒမဲလက်မှတ်များရေတွက်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ်(၁)ကို ယနေ့ ညနေ ၄ နာရီတွင် မဲရုံမှူးက မဲရုံပိတ်သိမ်း ကြောင်းကြေညာ၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိသက်သေများ ရှေ့မှောက်တွင်  ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိသည်။