ချောင်းဦးမြို့ အမှတ်(၁)မဲရုံတွင် ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အမှတ်(၁) အနော်ရထာခန်းမ မဲရုံတွင် ယနေ့ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းခဲ့ပြီး ဆန္ဒမဲလက်များ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၉၅)ရုံတွင် ဆန္ဒမဲများ စတင်ရေတွက်
ဟားခါးမြို့နယ်အတွင်းရှိ မဲရုံစုစုပေါင်း(၉၅)ရုံတွင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲရေတွက်ခြင်းများကို ယနေ့ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းကြောင်း ကြေညာပြီးနောက် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    
ကွတ်ခိုင်မြို့နယ်တွင် ဆန္ဒမဲများ စတင်ရေတွက်  
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများအနေဖြင့် ညနေ ၄ နာရီ၌ မဲရုံများပိတ်သိမ်းခဲ့ပြီး ဆန္ဒမဲများ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံး၌ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။
မွန်ပြည်နယ်လွှတ်တော်ဒုဉက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ မဲရုံအမှတ်(၃)တွင် ဆန္ဒမဲလာရောက်ပေး

ဘားအံမြို့ အမှတ်(၁)ကူးဆိပ်ရပ်ကွက်ရှိ မဲရုံအမှတ်(၁)တွင် မဲရုံပိတ်သိမ်း၍ ဆန္ဒမဲလက်မှတ်များ စတင်ရေတွက်လျက်ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ပြည်ထောင်စုနယ်မြေမဲရုံများ၌ ဆန္ဒမဲပေးမှုအခြေအနေ ကြည့်ရှုစစ်ဆေး