ဇော်ဂျီရေသောက်စနစ်တွင် အကျိုးပြုဧရိယာ ၈၁၀၈၆ ဧကရှိရာ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီး ရေလှောင်တမံတို့၏ သိုလှောင်ရေဖြင့် နှစ်စဉ်မိုးစပါးဧက ၆၀၀၀၀ ကျော်ကို ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ နောင်ခမ်း ရေလွှဲဆည်၊ ငပြောင်ရေလွှဲဆည်၊ သင်းတွဲ ရေလွှဲဆည်၊ မင်းရဲရေလွှဲဆည်၊ ဇီးတောရေလွှဲဆည်နှင့် ဇော်ဂျီရေထိန်းဆည်တို့ဖြင့် ရေကိုထိန်းညှိရယူ၍ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း