ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်- ၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ  ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့် ထပ်မံရောက်ရှိ
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးသူများအား အမှတ်အသား ပြုမည့် ကြာရှည်ခံမင်ဘူး ၁၁၃၀၀၀ ထောက်ပံ့လှူဒါန်း
ဂျပန်နိုင်ငံအစိုးရ၏ “ရွေးကောက်ပွဲအကူအညီပေးရေးစီမံကိန်း” အရ  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးသူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူး (၁၁၃၀၀၀) ဘူးအား ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်၊၊
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲများ စတင်ပေး
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲ ပေးကြမည့်သူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများပေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက် အမှာစကားပြောကြား
ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ဝေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကြိုတင်ဆန္ဒမဲပေး
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ ကော်မရှင်တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိပြီး ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိ.....
နိုင်ငံသားဆိုင်ရာအသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန် ကချင်ပြည်နယ်ရှိ လူငယ်များအား ပြည်သူနီတိသင်တန်းကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် သင်ကြားပို့ချ

ရန်ကုန်  ၂၉  အောက်တိုဘာ