လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မှတ်ပုံတင် ကုန်တင်ကုန်ချလုပ်သားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်
ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မှတ်ပုံတင် ကုန်တင်ကုန်ချလုပ်သားကြီးများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဗိုလ်တထောင် မြို့နယ် တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးခန်းမတွင် အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ကျင်းပသည်။






