ချောင်းဆုံမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေဖြင့် ကတ္တရာလမ်း ရေပိတ်လွှာခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကတ္တရာရေပိတ်လွှာခင်းခြင်း လုပ်ငန်းကို အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း


