ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်ပွဲ တက်ရောက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် The Asia Foundation ၊ International Institute for Democracy and Electoral Assistance (International IDEA) တို့ ပူးပေါင်းဆောင်ရွက်သည့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။


